အကြောလေး ဘာလေး လျှော့ရအောင်
Tips "Stretching"
တော်တော်များများက Gym ရောက်တာနဲ့ ပြေးစက်ပေါ်တက်ပြီး ပြေးတယ် စက်ဘီးနင်းတယ် ကြိုးခုန်တယ် စတာတွေကိုwarm up အနေနဲ့ လုပ်ပြီး တန်းပြီး အလေးတွေ တန်းမကြတော့တာပဲ မာဆယ်ကြီးတွေ ထွက်ပြီး အကြောက တစ်စက်မှ မပျော့တော့ ဘယ်လိုလုပ်မလဲလေနော်.. ပြီးတော့ ဝိတ်မပြီး Gym ကစားပြီး ရင်လဲ အကြောပြန်လျှော့ပါ အဒါမှ ကစားထားသမျှ ကြွက်သားတွေ နာမနေမှာ နောက်ရက်တွေမှာလဲ ကောင်းကောင်းဆက်ကစားနိုင်အောင်ပါ
အကြောလျှော့ထားမှ joint နေရာတွေ လှုပ်ရှားမှု ကောင်းမယ် မဟုတ်ရင် ကြွက်သားတွေက အကြောတွေတင်းပြီး အားနည်းတာတွေ ဖြစ်ပြီး Joint / အဆစ်နေရာ နာတာတွေ အကြောတက်တာတွေ ကြွက်သားနာတာတွေ ဖြစ်တာတွေ ကြုံရပါတယ် အကြောမလျှော့ထားတာတော့ တစ်ကိုယ်လုံးတင်းပြီး ညောင်းကိုက်တာတွေလဲ ဖြစ်စေပါတယ်။ အကြောသေချာလျှော့ပြီးမှ အားကစားလုပ်ရင် ဒဏ်ရာရနိုင်ခြေနှုန်းလဲ နဲသွားပါလိမ့်မယ် ဥပမာ: အလေးနဲ့ လက်မောင်းကစားရင်း အကြောညှပ်သွားတာမျိုးတွေ. ထိုင်ထလုပ်ရင်း ပေါင်တွင်းကြောမျက်သွားတာမျိုးတွေ မရှိတော့ဘူးပေါ့ ပြီးတော့ သွေးလည်ပတ်မှုအားလဲ ကောင်းစေပါတယ် ကိုယ်တွေယာဂ ကစားတဲ့ သင်တန်းမှာဆိုရင် အကြောလျှော့အောင် ဆရာတွေ ဆရာမတွေက အချိန်တော်တော်ပေးပြီး လျှော့ခိုင်းပါတယ် အဒါမှလဲ ယောဂ ကစားနေသူ တစ်ယောက်အတွက် အဆင်ပြေမှာပေါ့နော် အကြောသေချာမလျှော့ပဲ ကစားတဲ့ရက်တွေဆိုရင် အကြောတွေ တင်းပြီး နာလို့ အော်နေရတာ..
အကြောလျှော့တယ်ဆိုတာက အားကစားလုပ်မှမဟုတ်ပါဘူး နေ့စဉ် နေ့တိုင်း လုပ်သင့်တာမျိုးပါ ပုံထဲကအတိုင်း ကိုယ်တွေအကြောလျှော့တတ်တဲ့ ပုံစံလေးတွေ စိတ်ဝင်စားရင် လိုက်လုပ်ကြည့်နော်…
With Love, Myet Thwe




No comments:
Post a Comment