ဘာလို့ Gym သွားဖို့ ပျင်းသွားကြတာလဲ
ဒီစာကို စိတ်ဝင်တစားနဲ့ ဖတ်နေပြီဆိုကတည်းက သေချာပါတယ် Gym ဒါမှမဟုတ် အားကစားတစ်ခုခုကို စလုပ်နေတဲ့သူ ဒါမှမဟုတ် စလုပ်ဖို့ စဉ်းစားနေတာပဲ ဖြစ်ရမယ် ဆိုတာကို။ တော်တော် များများက ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်တစ်ခု မရောက်ခင်မှာ ရပ်သွားတတ်ကြပါတယ်။
Gym သွားရင် ကျွန်မ အပါအဝင်ပေါ့ တစ်ချို့တွေ နှစ်နဲ့ ချီပြီး Gym ကို ကစားနေတာပါပဲ ဒါပေမယ့် သိသိသာသာပြောင်းလဲမှု ဆိုတာမျိုး သိပ်မရှိလှပါဘူး။ က ကျွန်မတွေ့ရသလောက် တော်တော်များများက Gym ကို အပျော်သဘောမျိုးလောက်ပဲ သဘောထားနေလို့ ကျချင်သလောက် ဝိတ်က ကျမလာတာတွေ ဖြစ်ချင်နေတဲ့ Body Goal ဖြစ်မလာတာတွေ ကြုံလာရပါတယ်။ နောက်တစ်ချက်က လူတွေအထင်မှားနေတဲ့ အချက်လေးတွေ ထောက်ပြချင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် Body Type မတူတဲ့အတွက် လေ့ကျင့်ခန်းပုံစံချင်းလဲ မတူပါဘူး… သူများ အလေးအများကြီး မနိုင်ပေမယ့် ကိုယ်မ မနိုင်လို့ဆိုပြီး စိတ်ညစ်စရာ မလိုပါဘူး body type/ metabolism ချင်းမတူလို့ ခန္ဒာကိုယ်က လိုအပ်တဲ့ လေ့ကျင့်ခန်း ၊ ကိုယ်ဖြစ်ချင်တဲ့ Body Goal အတွက် လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်း အမျိုးအစားတွေက မတူပါဘူး သူများတွေ Cardio တွေ Pilates တွေ လုပ်နေချိန်မှာ ကိုယ်ဝါသနာပါတဲ့ weight training တွေ လုပ်နေလို့ ရပါတယ် ဒါမှမဟုတ် Yoga ကစားတာမျိုး ဖြစ်ဖြစ်ပေါ့။ ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်း နဲ့ သူများ လုပ်နိုင်တာတွေက မတူတတ်ပါဘူး သူများတွေ အိပ်ထမတင် လုပ်တာကို အခါ ၁၀၀ လောက် လုပ်နိုင်ပေမယ့် ကိုယ်က ၆၀ လောက်ပဲ လုပ်နိုင်တာမျိုး ဖြစ်တတ်ပါတယ် စိတ်မလျှော့ပါနဲ့ ပုံမှန်လေးကစား ကျင့်သားရသွားရင် အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ်နဲ့ ဘယ် လေ့ကျင့်ခန်းနဲ့က အဆင်ပြေတယ် ဆိုတာ သိအောင်တော့ အရင်ဆုံး စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါပေမယ့် သူများက ဝိတ်ကျအောင် cardio ကစားတယ်ဆိုတိုင်း အကိတ်ဖြစ်ချင်တဲ့ သူက cardio လိုက်ကစားရင်တော့ လွဲနေပါပြီ။
တစ်ချို့ကျတော့လဲ Gym Discount ပေးနေလို့ဆိုပြီး ၆ လ တန်သည် ၁ နှစ်တန်သည် သူငယ်ချင်းတွေက ဆွယ်လို့ ပိုက်ဆံသွင်းလိုက်တယ် ဒါပေမယ့် နောက်ပိုင်း အိမ်နဲ့လဲအလှမ်းဝေး ကားလမ်းတွေလဲ ပိတ်တဲ့အခါမှာ ဆက်မသွားဖြစ်တော့ဘူး နောက် တစ်နေရာမှာ ပြောင်းကစားဖို့ကျတော့လဲ သြော် ငါ အခုGym မှာ ပိုက်ဆံပေးထားတာပဲ နောက်ရက်သွားဖြစ်အောင် သွားမယ် ဆိုပြီး ဟိုရက်ရွှေ့ ဒီရက်ရွှေ့နဲ့ မရောက်ဖြစ်တော့ဘူးပေါ့ ပြီးတော့ Gym မှာ လူများနေတာရယ် ကိုယ်သုံးချင်တဲ့ စက်က မအားတာရယ် ပြပေးမယ့် ဆရာတွေမအားလို့ သေချာမပြပေးနိုင်တာတွေ ကြုံရတတ်ပါတယ်
အလိုပြသနာတွေထဲမှာမှ အချိန်မရှိတာက အဆိုးဆုံးပဲ ကိုယ်တွေလို ရုံးတက်ရတဲ့သူတွေအတွက် စနေ တနင်္ဂနွေကလွဲလို့ Gym သွားလို့အဆင်ပြေတဲ့အချိန်က ခပ်ရှားရှားရယ် အဒါကြောင့် အကြံပေးချင်တာက အိမ်နဲ့နီးတဲ့ နေရာကို ရွေးပါ ပြီးတော့
• ဘယ်နေ့တွေ သွားမလဲဆိုတာ ရက်သတ်မှတ်ထားပါ (ဖြစ်နိုင်ရင် ရုံးမသွားခင် မနက်ပိုင်း သွားနိုင်အောင် သွားပါ)
• မနက်စောစောထပြီး ကစားပါ
• ညကတည်းက အဝတ်အစား ဖိနပ် ရေဘူးကို အဆင်သင့်ပြင်ထားပါ အဒါမှ မနက်အိပ်ရာထနောက်ကျရင်တောင် Gym ကို ပြင်ပြီးသားအထုတ်ဆွဲပြီး ပြေးနိုင်အောင်ပါ
• အချိန်မရှိဘူးဆိုရင် အတန်းချိန်တွေ တက်ကြည့်ပါ
• ဘယ်နေ့တွေ သွားမလဲဆိုတာ ရက်သတ်မှတ်ထားပါ (ဖြစ်နိုင်ရင် ရုံးမသွားခင် မနက်ပိုင်း သွားနိုင်အောင် သွားပါ)
• မနက်စောစောထပြီး ကစားပါ
• ညကတည်းက အဝတ်အစား ဖိနပ် ရေဘူးကို အဆင်သင့်ပြင်ထားပါ အဒါမှ မနက်အိပ်ရာထနောက်ကျရင်တောင် Gym ကို ပြင်ပြီးသားအထုတ်ဆွဲပြီး ပြေးနိုင်အောင်ပါ
• အချိန်မရှိဘူးဆိုရင် အတန်းချိန်တွေ တက်ကြည့်ပါ
ကစားနေရင်းနဲ့လဲ နာတယ် ဘာမှလဲ မထူးဘူးဆိုပြီး ရပ်လိုက်သူတွေလဲ ရှိတာပဲ။ အင်းပေါ့ ကိုယ်လိုချင်တဲ့ ခန္ဒာကိုယ်ရဖို့ လွယ်ရင်လဲ လူတိုင်းလှနေမှာပေါ့နော်… အဒါကြောင့် ဖြစ်ချင်တဲ့ Goal တစ်ခုရှိနေရင် အဒါလေးကို သတိရပြီး လေ့ကျင့်ခန်းလုပ်ဖို့ မရပ်လိုက်ပါနဲ့လို့
Lets have fun exercising, everyone!
With Love,
Myet Thwe
Myet Thwe
https://www.facebook.com/littlefitsters/videos/2154949811452852/

No comments:
Post a Comment