Sunday, July 22, 2018

လေ့ကျင့်ခန်းလုပ်စရာမလိုပဲ လှအောင် နေကြမယ်
"Standing in the right posture"
မိန်းကလေး တော်တော်များများက တင်ပါးမလှတဲ့ ပြသနာကို ကြုံတွေ့ရတတ်ပါတယ်။ တော်တော်များများလဲ တင်ပါးဘေးမချိုင့်အောင် ဘယ်လေ့ကျင့်ခန်း လုပ်ရမလဲလေ့ကျင့်ခန်း မလုပ်ပဲနဲ့ ဘာတွေလုပ်ရင် အဆင်ပြေမလဲ မေးကြတာများလို့ အလွယ်ဆုံးလုပ်လို့ရမယ့်နည်းကို ရေးလိုက်ပါတယ်..အလိုဖြစ်ရတဲ့ အကြောင်းအရင်း တချို့တွေက နေပုံထိုင်ပုံ. မွေးရာပါ အရိုးအဆစ်ပုံစံ.. စသဖြင့်ပေါ့
ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်လိုချင်တဲ့ ပုံစံပြောင်းယူနိုင်ပါတယ် အရပ်ကလွဲလို့ပေါ့နော် အချိန်တော့ ပေးရတာပေါ့
Gym တွေ သွား အားကစားတွေလုပ် အစားလျှော့စားနေတာမျိုးတွေနဲ့ မလုံလောက်ပါဘူး. အဓိကသော့ချက်က နေပုံထိုင်ပုံ (အထူးသဖြင့် မတ်တပ်ရပ်တဲ့ပုံစံ).. တော်တော်များများက မတ်တပ်ရပ်ပုံရပ်နည်း မမှန်ပါဘူး… ကိုယ်လဲအရင်က မသိပါဘူး… ရပ်ပုံရပ်နည်း မမှန်တော့ ခန္ဓာကိုယ် အချိုးအစားရော ပုံပန်းသဏ္ဍန်ရောက ကြည့်ရအလွန်ဆိုးပါတယ် (ဥပမာ = ပုံထဲကလိုမျိုး လက်ပြင်ကုံးနေတာမျိုး ခါးရိုးရှေ့ထိုးပြီး မတ်တပ်ရပ်တာမျိုး အတင်းကြီး ခါးကြီးကော့ပြီး ရပ်တာမျိုးတွေပါ)
ဒါပေမယ့် ပုံစံတကျ ရပ်နည်း အမှန်ကို သိချိန်မှာ လူက ကြည့်လိုက်ရင် စမတ်ကျလာတယ်လို့ ခံစားလာရသလို ကိုယ့်ကိုကိုယ်လဲယုံကြည်မှုရှိလာပါတယ်. ဒါကို Model Agencies, Personal Grooming Trainings တွေမှာ သင်ပေးလေ့ရှိပါတယ် ဒါပေမယ့် ဒီလို ပုံစံအမှန် မတ်တပ်ရပ်ခြင်းက တင်ပါးလေးလှလာအောင်ဘ ယ်လို စွမ်းဆောင်ပေးတယ်ဆိုတာကို မပြောပြပါဘူး။ အခုရေးထားတဲ့ အချက်လေးတွေက နဲနဲလောက်တော့ အထောက်အကူ ဖြစ်မယ် ထင်ပါတယ်
- မတ်တပ်ရပ်ရင် မတ်မတ်ရပ်ပါ.. တင်လေးကို နောက်ကိုပစ်ပြီး ရပ်ပါ ပခုံးကို နောက်ပို့ ရင်ဘက်ကို ပင့်ပြီး မတ်မတ်ရပ်ပါ (ရင်ကြီးကို အတင်းပင့်ထားခိုင်းတာ မဟုတ်ဘူးနော်)… တင်ပါး နောက်ပစ်ရပ်တဲ့ အတွက် တင်ပါးလေးက နောက်ကို လုံးပြီး ထွက်သွားလို့ တင်မရှိတဲ့သူတွေတောင် တင်ရှိလာသယောင်ထင်ရပါတယ်
- မတ်တပ်ရပ်ရင် တင်လေးအနောက်ပစ်ပြီး ရပ်လိုက်တာနဲ့ ကျောကပါ တစ်ခါတည်း မတ်မတ်ကလေး ဖြစ်သွားပါတယ်.. ပထမဦးဆုံး စပြီး အလိုမျိုးလုပ်ရင် ခါးနဲနဲ နာတတ်ပါတယ် အဒါက လုပ်လေ့လုပ်ထ မရှိလို့ ဖြစ်တာပါ အကျင့်ဖြစ်သွားရင် အဆင်ပြေသွားပါလိမ့်မယ်
တင်အနောက်ပစ်ပြီး မတ်တပ်ရပ်လိုက်ခြင်းကြောင့် တင်ပါးအရိုးလဲ အထဲဝင်သွားတော့ အရမ်း ပိန်တဲ့သူတွေလဲ အရိုးထွက်နေပြီး ကြည့်ရဆိုးတာတွေ မဖြစ်တော့ပါဘူး
နောက်တစ်ချက်က မတ်မတ်နေတာကို မတ်တပ်ရပ်နေစဉ်မှာတင် မဟုတ်ပဲ ထိုင်နေရင်လဲ စမတ်ကျကျ ပခုံးလေးကို ပင့် ရင်လေးကော့ ကျောဖြောင့်ဖြောင့် မတ်မတ်လေး ထိုင်ပေးပါ… ပုံစံကျလာရင် ခန္ဓာကိုယ်လေးလဲ တဖြည်းဖြည်း လှလာပါလိမ့်မယ် (ဒါပေမယ့် သတိထားရမှာက အလိုတင်နောက်ပစ်ပြီးရပ်တဲ့အချိန်မှာ အလိုလို ရင်ကော့ပြီး မေးစေ့ပါ မော့သွားတတ်တယ်။ အဒါလေး သတိထားပေးနော်)
စိတ်ရှည်ဖို့လိုပါတယ်နော်
နောက်ဆုံးတစ်ချက်…. မတ်တပ်ရပ်ရင် မတ်မတ်မရပ် ပေါင်ရှေ့ကို ထိုးပြီး မတ်တပ်ရပ်တဲ့ အတွက် တင်ပါးဘေးသားက အောက်ကို လျောကျသွားခြင်းဖြစ်တဲ့ အတွက်ကြောင့် အပေါ်ပြန်ပင့်တင်ဖို့ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်…
အဒါက မတ်တင်ရပ်အနေအထားမှာ ပေါင်ကို ကားပြီး ကျောကုန်းကနေ ကုန်းချပြီး ပေါင်ကြားထဲကို ခေါင်းဝင်နိုင်တဲ့အထိ ဘေးပေါင်သား (တင်ပါးဘေးသား) တွေ တင်းလာတဲ့ အထိ တစ်နေ့ကို တစ်မိနစ်လောက်ကနေ စပြီး ကျင့်ပေးရပါတယ် (ယောက ကျင့်စဉ်ထဲက အကွက်လေးနဲ့ တူပါတယ်) တဖြည်းဖြည်း ကျောကုန်းက ပေါင်နှစ်ချောင်းကြားထဲ ၀င်ချိန်မှာ မကုန်းတော့ဘူး တဖြောင့်ထဲ နီးပါးဖြစ်လာပြီဆိုရင် ပေါင်ဘေးသားလဲ ကျစ်လာပါလိမ့်မယ်
သိသာပါတယ်.. .အဓိကပြောချင်တာက ကိုယ်နှစ်ပေါင်းများစွာ မသိဘဲ မကြိုက်ပဲ နဂိုပုံစံအတိုင်းရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပြောင်းလဲချင်ရင် အချိန်ပေးရပါတယ် စိတ်ရှည်ရပါတယ်… ၁ ပတ်၂ ပတ်လောက်လုပ်ပြီး မထူးခြားပါဘူး မလုပ်တော့ဘူးဆိုပြီး နောက် လေ့ကျင့်ခန်းတစ်ခုပြောင်းလုပ်လဲ စိတ်မရှည်ဘူး ဆိုရင် ထူးခြားမှာ မဟုတ်ပါဘူး
အခုအပေါ်မှာ ရေးပြထားတာလေးက အခြေခံအချက်လေးပါ…. တစ်ကယ်ကို perfect peachy booty လို တင်ပါးမျိုးလိုချင်တယ်ဆိုရင်တော့ Intense Training နဲ့ တစ်ပတ်ကို ဘယ်နှစ်ရက် တင်ပါးအားစိုက်ပြီး လုပ်ရတဲ့ လေးကျင့်ခန်းမျိုး ဘယ်နှစ်မျိုးကို ဘယ်နှစ်ခါလုပ်ရတယ်ဆိုတဲ့ Planနဲ့ သေချာ လုပ်ရပါမယ်.. ထိုင်ထလေ့ကျင့်ခန်း / Donkey kicks / lunges / bridges အဒါမျိုးလေးတွေ လုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်နော်
ဒါမျိုးလေးတွေကို နားလည်လာအောင် သင်ပြပေးခဲ့တဲ့ ယောဂ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ မှားနေတာရှိလဲပြောပြပေးပါလို့...
Photo Credit: Thet Naing
Thanks for the top ama Nang Seng Hom
Idea inspired by Martina Rando

စာအရှည်ကြီးဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ
With Love,
Myet Thwe

https://www.facebook.com/littlefitsters/posts/2151926228421877





No comments:

Post a Comment