ဝိတ်ကျအောင် ဘယ်လိုစားကြမလဲ
*Intermittent Fasting*
ကိုယ်တွေ အခုတစ်လော လုပ်ဖြစ်နေတဲ့ Diet လေးအကြောင်း ပြောပြမယ်
အခုနောက်ပိုင်းက မာလာရှမ်းကော စားလိုက် ဟော့ပေါ့တွေ စားလိုက် အကင် ဘူဖေးတွေ စားလိုက်နဲ့ နဂိုကမှ မရှိတဲ့ ဗိုက်ကြွက်သားလေးကနေ ဗိုက်ပူပူ ဖြစ်လာရော အဒါနဲ့ တစ်ခုခု လုပ်မှ ဖြစ်မယ်ဆိုပြီး Diet Plan စဉ်းစားရပါတော့တယ်။ အလိုနဲ့ ကစီဓာတ်ပါတာတွေ မစားတဲ့ (Keto Diet / Low Carb Diet ) ကို နှစ်ပတ်လောက် လုပ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေက ၉ -၆ နာရီ အထိ အလုပ်လုပ်ရတာဆိုတော့ အိမ်ကနေ အစောကြီးထပြီး အသားပြုတ် အရွက်ပြုတ် လုပ်ရင်လုပ် မလုပ်ရင်တော့ အပြင်ကဝယ်စားရရင် ပိုက်ဆံ ကုန်ပေါက်ပဲ။ အဒါကြောင့် တခြား Diet Plan ကို စဉ်းစားရပါတယ် နားလည်တဲ့ သူတွေ Fitness ဆရာကြီးတွေ, အထူးသဖြင့် မခိုင်ချိုကျော် Health & Fitness Junkies Group နဲ့ You, Anew Group က Admin အမ ဆီက အခုပြောပြမယ့် အချိန်ခြားပြီး စားတဲ့ အစားအသောက်ပုံစံ (Intermittent Fasting ) ကို စမ်းဖို့ အကြံပေးတယ်။ ပြောရရင်တော့ ဥပုသ် စောင့်ခြင်း တစ်မျိုးပါပဲ။

အခု ကိုယ်တွေ လုပ်နေတာက ၁၆ နာရီ မစားဘူး ၈ နာရီစားတယ်။ ရုံးတက်နေရတော့ မနက်စာမစားပဲ နေလိုက်တယ် နေ့လယ် ၁၂ နာရီကနေ ည ၈ နာရီအထိ စားတယ်။ ည ၈ နာရီကနေ နောက်နေ့ နေ့လည် ၁၂ နာရီ အထိက ရေသောက်တာကလွဲလို့ ဘာမှ မစားဘူး။ ဘယ်အချိန်မှာပဲ လုပ်လုပ် ၈ နာရီစား ၁၆ နာရီ မစား လုပ်နိုင်ရင် အဆင်ပြေပါတယ်။ စားလို့ရတဲ့ ၈ နာရီအတွင်းမှာ စားချင်သလို စားလို့တော့ မရပါဘူး ထုံးစံအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်အောင်တော့ စားရမှာပေါ့နော်.. နေ့လည်စာ ရုံးထမင်းဘူးထဲမှာ ဘာတွေ ထည့်ဖြစ်လဲ ဆိုတော့
- ပဲ (ကုလားပဲ၊ ပဲနီလေး၊ ပဲပြုတ်)
- ကြက်သား၊ ငါး၊ ဝက်သား
- အသီးအရွက် (ပန်းပွင့်ကြက်ဥကြော်၊ ကန်စွန်းရွက်၊ မုန်လာဥနီ…..)
- ကြက်သား၊ ငါး၊ ဝက်သား
- အသီးအရွက် (ပန်းပွင့်ကြက်ဥကြော်၊ ကန်စွန်းရွက်၊ မုန်လာဥနီ…..)
ထမင်း၊ အာလူး၊ ခေါက်ဆွဲ စတဲ့ ကစီဓာတ်ပါတဲ့ အစားအစားတွေကို လျှော့ပါတယ်။ Fastfood / အချိုလုံးဝ မစားပါဘူး။ ဘီယာ/ ဆေးလိပ် လုံးဝ မသောက်ပါဘူး…. တစ်ခါတစ်လေ လူမှုရေးအရ အရက်နဲနဲ သောက်ပါတယ်။ တစ်ခွက်ထက်တော့ မပိုဘူး.. ဝိုင်သောက်လို့ရပါတယ် ညနေပိုင်းမှာတော့ Gym သွားတာဖြစ်ဖြစ် မသွားရင် အိမ်မှာ နာရီဝက်လောက် ကစားတာ ဖြစ်ဖြစ်လုပ်ပါတယ်။ Gym မသွားခင် ညနေရုံးဆင်းပြီးချိန်မှာတော့ အသုတ်၊ ထမင်းနဲနဲ နဲ့ ကုလားပဲ ကြက်သားဟင်း တို့ ခေါက်ဆွဲ နဲနဲ အလိုမျိုးစားပါတယ်။ ဒါပေမယ့် ဒီ Diet ကို တစ်ပတ်မှာ ၅ ရက်လုပ်တယ် တစ်ရက်ကို မနက်စာပါ စားပါတယ်။ မနက်စာကို တော့ နွားနို့ရယ် အိမ်မှာ အမေလုပ်ပေးတာတွေ စားတယ် (ထမင်းကြော်၊ အရွက်သုတ်၊ ကြက်သားကြော် ) အဒါမျိုးတွေ ဒါပေမယ့် ပန်းကန်လုံး တစ်လုံးထက်တော့ မပိုပါဘူး။
တစ်ပတ်တစ်ရက် Cheatday အနေနဲ့ စားချင်တာ စားပါတယ်။ ပေါက်စီတွေ အကင်တွေ ဟင်းတွေနဲ့ ထမင်းတွေ၊ ကော်ရည်ခေါက်ဆွဲ ဆီချက်တွေ အကုန်စားပါတယ်။ တစ်ရက်တည်း လေ့ကျင့်ခန်းလုပ်ရုံနဲ့ လှမလာသလို တစ်ရက်တည်း စားချင်တာ စားလိုက်လို့လဲ ခန္ဓာကိုယ်က ပုံပျက်ပြီး တအားဝလာတာမျိုးမှ မဟုတ်တာလေနော်။
အခု ၈ နာရီအတွင်းမှာပဲ စားတာက ဝိတ်ကတော့ ကျသွားတယ် ကြွက်သားတွေ ပျော့သွားမှာ ကြောက်ကြတယ် အဒါကြောင့် ညီမက Weight Training လုပ်ပါတယ် တစ်ချို့ မြန်မြန်ပိန်ချင်ရင်တော့ Cardio workout တွေ လုပ်ပါ ဒါပေမယ့် ပိန်သွားတာကို ရေရှည် ပြန်ထိန်းဖို့ အလေးနဲ့တော့ သေချာ ကစားပေးဖို့ လိုပါတယ်။ အခု ဒီ Intermittent Fasting အကြောင်းကို ရေးထားတာတွေ အများကြီး ရှိပါတယ်။ အခု ရေးထားတာထက် ပိုသိချင်တယ်ဆိုရင် ဒီ လင့်ခ် တွေမှာ ဝင်ဖတ်လို့ ရပါတယ်နော်
စာအရှည်ကြီးဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ
with love, MyetThwe
https://www.facebook.com/littlefitsters/posts/2145638695717297

No comments:
Post a Comment