ကစီဓာတ်လျှော့ချထားသော စားသောက်မှုပုံစံ (Low-carb, High Fat and Protein or Keto diet)
ဒါက ဘာကို ဆိုလိုတာလဲ။
ဝိတ်ချချင်သူတွေ အဆီကျချင်သူတွေ အတွက် အဆင်ပြေပြီး အစာအငတ်ခံစရာမလို အစားလျှော့စရာမလိုပဲ စားသောက်မှု ပုံစံပြောင်းလိုက်ရုံနဲ့ အဆီကျ ဝိတ်ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်လို့ ပုံမှန် သိနေကျ ဝိတ်ချနည်းတွေလိုမျိုး အစားလျှော့စားပါ၊ အရွက်ပဲ စားရမယ် ဟင်းရည်ပဲ သောက်ရမယ်ဆိုတာမျိုး နည်းလမ်းတွေလို မဟုတ်ပါဘူး။ ဒါပေမယ့် ကစီဓာတ်ပါတာတွေ မစားရပါဘူး။
ဝိတ်ချချင်သူတွေ အဆီကျချင်သူတွေ အတွက် အဆင်ပြေပြီး အစာအငတ်ခံစရာမလို အစားလျှော့စရာမလိုပဲ စားသောက်မှု ပုံစံပြောင်းလိုက်ရုံနဲ့ အဆီကျ ဝိတ်ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်လို့ ပုံမှန် သိနေကျ ဝိတ်ချနည်းတွေလိုမျိုး အစားလျှော့စားပါ၊ အရွက်ပဲ စားရမယ် ဟင်းရည်ပဲ သောက်ရမယ်ဆိုတာမျိုး နည်းလမ်းတွေလို မဟုတ်ပါဘူး။ ဒါပေမယ့် ကစီဓာတ်ပါတာတွေ မစားရပါဘူး။
ကစီဓာတ်လျှော့တယ်ဆိုတာမျိုးက ကာဗွန်ဟိုက်ဒရိုက်တွေကို နည်းနိုင်သမျှနည်းအောင် လျှော့ချပြီး အသားဓာတ်နဲ့ အဆီဓာတ်ကို ပိုစားတာမျိုးပါ။ ဒီလို စားသောက်မှုပုံစံနဲ့ ဝိတ်ချနည်းကို အီတလီက Dr. Gianfranco Cappello, the Sapienza University က လို့ပြောကြပေမယ့် Dr. Russell Wilder က ၁၉၂၄ ကတည်းက စတင်ခဲ့တယ်လို့လဲ ပြောကြပါတယ်။ Keto Diet မှာလဲ နည်းမျိုးစုံရှိပါတယ်။ Standard, Cyclical, Targeted, High Protein ketogenic diet စသဖြင့်ရှိကြပါတယ်။ ဒါပေမယ့်လဲ standard ကတော့ အခုလက်ရှိကျယ်ကျယ်ပြန့်ပြန့်သုံးနေတာမျိုးပါ။ (အဆီက ၆၀ % - ၇၀%၊ ပရိုတင်း ၂၀ - ၃၅% ကစီဓာတ် ၅%) အလိုမျိုးတော့ ကိုယ်နိုင်တဲ့အခြေအနေပေါ်လိုက်ပြီး လိုတိုးပိုလျှော့ လုပ်ပြီး စားနိုင်ပါတယ်။ အဆီရာခိုင်နှုန်းပါလို့ အဆီစားရင် ဝမှာပေါ့လို့ တော်တော်များများက ထင်ကြပါတယ်။ အဒါက ကိုယ်ဘယ်လိုအဆီမျိုးတွေ စားနေလဲဆိုတာအပေါ်လဲ မူတည်ပါသေးတယ်။
အဆီကျအောင် အထူးသဖြင့် ဝိတ်ကျအောင် စားတဲ့ စားသောက်မှု ပုံစံတစ်ခုဖြစ်တဲ့ အတွက် အဆီတက်စေတဲ့ အဓိကတရားခံတွေဖြစ်တဲ့ အချိုဓာတ်တွေ ကစီဓာတ် (ကာဗွန်ဟိုက်ဒရိတ်) တွေကို လုံးဝမစားတာမျိုး(နည်းနိုင်သမျှ နည်းအောင် စားတာမျိုး) ကို လုပ်ရပါမယ်။ ခန္ဓာကိုယ်အတွင်းမှာ ကစီဓာတ်နည်းခြင်းက သွေးတွင်းက သကြားဓာတ်ကို လျော့ကျစေပြီး ရှိတဲ့အဆီတွေကို နေ့စဉ်လှုပ်ရှားမှုအတွက် အားအင်ဖြစ်အောင် လုပ်ဆောင်ပေးတာမျိုးပါ။
ဒီပုံစံကို စ စားမယ်ဆိုရင် ပထမဦးဆုံး ၃ ၄ ရက်လောက်တော့ အကျင့်ဖြစ်အောင် နေရပါမယ်။ ပထမဆုံး ကစီဓာတ်ကို ရှောင်လိုက်တာမျိုးဆိုရင် ဒေါသထွက်တာတွေ စိတ်မကြည်တာတွေ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမယ့်လဲ ကိုယ်တွေက ဝိတ်လဲကျချင် လေ့ကျင့်ခန်းလဲ မလုပ်ချင်ဘူးဆိုရင်တော့ ပထမအစမှာ စားသောက်ပုံစံပြောင်းလို့ အဆင်မပြေဖြစ်တာကိုတော့ သီးခံပေးရပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ဒီစားသောက်မှုပုံစံက ကစီဓာတ်လျှော့ချထားတာပါ ကစီဓာတ်ကို လုံးဝမစားတာမဟုတ်ပါဘူး။ အဒါကြောင့် ၅% လောက်ထိတော့ စားလို့ရပါတယ်။ ပြီးတော့ Keto Diet စားမယ်ဆိုရင် အဆီစားပေးဖို့လိုပါတယ် အဒါကြောင့် ဟင်းသီးဟင်းရွက်ဆီကို စားပေးပါ။ အလွယ်ဆုံးပြောရရင် အပြင်စာမစားပါနဲ့။
ဘာတွေ စားရမလဲဆိုတော့ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် တွေကို သဘာဝဆီ တွေနဲ့ ချက်တာမျိုးတွေကို စားရပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ ပရိုတင်းပမာဏကိုပဲ ယူပြီး ကျန်တာကို သကြားအဖြစ်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့် အသားစားလို့ရတယ်ဆိုပြီး အသားတွေကြည့်ပဲ အများကြီး စားလို့မရပါဘူး။ အသင့်လုပ်ပြီးသားအသား ဥပမာ (ကြက်ဥချောင်းလိုဟာမျိုးတွေ ကို တတ်နိုင်သလောက် ရှောင်ပါ)။ ပင်လယ်စာကတော့ စားလို့ရပါတယ်။ ငါးပုစွန်တွေ စားတာ ဒီ diet အတွက် တော်တော် ကောင်းပါတယ်။ ကြက်ဥလဲ ထိုနည်းလည်းကောင်းပါပဲ။ အခု Diet အတွက် အသင့်တော်ဆုံး အသီးအရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်း၊ ပဲတောင့်ရှည်၊ ပဲစောင်းငှါးသီး၊ ဂေါ်ဖီထုပ် စတာမျိုးတွေကို စားပေးလို့ရပါတယ်။
ရှောင်ရမယ့်အစားအစာတွေက အဓိက ထမင်း၊ ခေါက်ဆွဲပါ ပြီးတော့ အာလူး၊ ပြောင်းဖူး၊ ငှက်ပြောသီး၊ နာနတ်သီး၊ သရက်သီး။ သကြားလုံးဝရှောင်ရပါမယ်။ ဆော်ဒါ ပါတဲ့ အအေး/ ဖျော်ရည် မျိုးစုံ/ ဘီယာ တွေကို လုံးဝ ရှောင်စေချင်ပါတယ်။ အသီးအရွက်တွေလဲ စားလို့ရတယ်ဆိုပေမယ့် တချို့အသီးအရွက်တွေမှာကစီဓာတ်ပါဝင်မှု တော်တော်များပါတယ်။ အဒါမျိုးတွေကိုတော့ ရှောင်ရပါမယ်။ မြေပေါ်နဲ့ ဝေးဝေးမှာပေါက်ရင် ကစီဓာတ်ပါဝင်မှုနှုန်းလျော့ကျပြီး မြေပြင်နဲ့/ မြေကြီးထဲ မှာ ပေါက်ရင် ကစီဓာတ်ပါဝင်မှုနှုန်းများပါတယ်။ ဥပမာ ကြက်သွန်နီ အာလူး ကန်စွန်းဥ၊ ပိန်းဥ။
ပုံမှန်က ဒီလို စားတာကို ၁ လ လောက်လုပ်ရပါတယ်။ တစ်လ အတွင်းမှာ ဝိတ်တော်တော် ကျ ပါတယ်။ ဒါပေမယ့် ကီတိုက ထွက်ပြီး ကစီဓာတ်ပြန်စားတဲ့အခါမှာ အများကြီး မစားမိစေဖို့ သတိထားပါ မဟုတ်ရင် ဝိတ်ပြန်တက်တာ မြန်လို့ပါ။
Keto Diet အကြောင်းကို ဒီထက်ပိုပြီး သိချင်ရင်တော့ အင်တာနက်မှာ သေချာရှာဖတ်ကြည့်လို့ရပါတယ်။ ညီမလဲ တချို့အချက်တွေက အင်တာနက်ကနေ ရှာဖတ်ပြီး ရေးထားတာတွေလဲ ပါ ပါတယ်။ ဥပမာ https://ketodietapp.com/…/Practical-Guide-to-Keto-Paleo-Die…
မြန်မာပြည်မှာလဲ ဒီ Keto Diet ကို တော်တော်များများ လိုက်လုပ်ကြည့်နေကြပါပြီး သူငယ်ချင်းတွေထဲမှာလဲ တကယ်ကို ဝိတ်ကျသွားတယ့်သူတွေ ရှိလို့ ဒီစာကို ရေးလိုက်တာပါ။ ပြီးတော့ Keto Diet ကို Specialized လုပ်ပြီး သေချာပြောပြပေးတဲ့ အမလဲ ရှိပါတယ် သူကတော့ မအိပါ… https://www.facebook.com/ketomyanmarbyEi/…
မအိက KETO Myanmar - ကီတိုမြန်မာ ဆိုပြီး Page လေးနဲ့ အစားနဲ့ ဝိတ်ကျအောင် သေသေချာချာ အစီအစဉ်လေးတွေ ဆွဲပြီးတော့ ကူညီပေးတာမျိုးပါ။ မအိက သဘောလဲ ကောင်းတယ် သူကိုယ်တိုင်လဲ Keto Diet ကို သေချာလေ့လာပြီး အဒိတိုင်းစားတာ အခုဆို အရမ်းလှနေတဲ့ သူဆိုတော့ Keto Diet မှာဆိုရင် နာမည်ရနေတဲ့ diet coach တစ်ယောက်ပါ Keto Diet အတွက် ဘယ်လိုအစားအစာတွေကို ပြင်ဆင် စားသောက်ရမလဲ ဆိုတာ ဒီထက်ပို သိချင်ရင် မအိကို သေချာမေးကြည်လို့ ရပါတယ်နော့်
အမရေ ညီမရေးထားတာလေးတွေထဲက လိုတာရှိရင်လဲထောက်ပြပေးပါနော်
အမရေ ညီမရေးထားတာလေးတွေထဲက လိုတာရှိရင်လဲထောက်ပြပေးပါနော်
စာအရှည်ကြီး ဖတ်ပေးတာ ကျေးဇူးပါရှင်
Love,
Myet Thwe
Myet Thwe


















