Sports Bra Review....
Gym သွားတာပဲ ဖြစ်ဖြစ် Cardio / HIIT လုပ်တာပဲ ဖြစ်ဖြစ် ပြေးစက်ပေါ်မှာ ပြေးတာပဲ ဖြစ်ဖြစ် မိန်းကလေးတွေ အတွက် အရေးကြီးတာက အားကစားလုပ်တဲ့ ဘော်လီ ကောင်းကောင်းတစ်ခုပါပဲ။ Sports Bra ကောင်းကောင်းမဝတ်မိရင် လေ့ကျင့်ခန်း အပြင်းစားတွေလုပ်တဲ့အခါ ရင်သားတွဲလာတာမျိုးတွေ ဆိုင်းကျိုးလျော့တာ ပြတ်တာမျိုးတွေ ဖြစ်ပြီး လှအောင် ကစားပါတယ်ဆိုမှ မလှတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လျော့တိလျော့ရဲ ဘော်လီတွေဝတ်တယ်ဆိုရင် ပြေးတဲ့ အခါမျိုးမှာ ရင်သားက အရမ်းလှုပ်ရမ်းတာမျိုးဖြစ်ပြီး ရင်သားနာတာတွေ နောက်ကျောနာတာတွေ ရင်သားပုံစံမကျတော့တာတွေ ဖြစ်ပြီး အဒါတွေက ပြန်ပြင်လို့မရပါဘူး။ အဒိတော့ Sports Bra ဝယ်မယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေကို ထည့်စဉ်းစားသင့်ပါတယ်
- ဆိုဒ်အမှန်
ကိုယ်နဲ့ အရမ်းလဲမကြပ် မချောင်နေတာမျိုး ဖြစ်သင့်ပါတယ်။ ညီမ ပုံမှန် ဘော်လီတွေ ဝတ်ရင် ချောင်တာလေးတွေ Wire မပါတာလေးတွေ ရှာဝယ်တတ်တယ် ဒါပေမယ့် အားကစားလုပ်တဲ့ အခါမျိုးမှာတော့ ကိုယ့်ဆိုဒ်အမှန်ကို သေချာရွေးဝယ်သင့်ပါတယ်။ တစ်ခုသတိထားရမှာက တံဆိပ်တော်တော်များများကတော့ standard size အတိုင်းထုတ်ကြပေမယ့် တစ်ခါတစ်လေ ဒီဇိုင်းပေါ် cutting ပေါ်မူတည်ပြီး ဆိုဒ် အနဲအများ အကြီးအသေးကွာခြားပါတယ်။ အဒိတော့ အွန်လိုင်းကနေ မှာမယ်ဆိုရင်လဲ ဆိုဒ်အညွှန်းကို သေချာဖတ်တာမျိုးဖြစ်ဖြစ် Nike Adidas တို့မှာ အစမ်းဝတ်ကြည့်တာမျိးလုပ်ပြီး ကိုယ်နဲ့ ကိုက်မယ့် ဆိုဒ်ကို သေချာမှတ်လာပြီးမှ မှာစေချင်ပါတယ်။

- Low Impact sports bra
Sports Bra မှာ အခုနောက်ပိုင်း ဒီဇိုင်းလှလှလေးတွေ ထွက်လာတယ် အကျီင်္မှာ တစ်ခါတည်း bra cup ပါပြီးသားတွေ crop top ဒီဇိုင်းလေးတွေ နဲ့.. ပြီးတော့ ဖော့အပါးလေးတွေနဲ့ ဖြုတ်လို့လဲရတယ် အဒါမျိုးတွေက low impact ဆိုပြီး ထုတ်တာ များတယ်.. အဒါလေးတွေက (Pilates/ Yoga/ studio activities ) လမ်းလျှောက်တာမျိုးလောက် အကြောလျှော့တာမျိုးလေး တွေအတွက် ပိုအဆင်ပြေပါတယ် အဒိ အားကစားတွေက ခုန်တာပေါက်တာမျိုးတွေ သိပ်မပါတော့ ရင်သားထိန်းရတာမျိုးတွေ သိပ်မလိုတာကြောင့်ပါ… ပြီးတော့ ချွေးထွက်ရင်လဲ ဖော့မထူတော့ ခြောက်လွယ်တယ် low impact ဖြစ်တာကြောင့် သက်တောင့်သက်သာလဲ ဖြစ်တယ်။ အချိန်ကြာကြာ ဝတ်ထားလို့လဲ အဆင်ပြေတယ်.. အဒါကြောင့် တစ်ခါတစ်လေ ညီမဆိုရင် Low Impact Bra ကို ဘော်လီ မဝတ်ချင်တဲ့ အချိန် သက်သောင့်သက်သာ ဖြစ်အောင် ရုံးဝတ်သွားတဲ့ ရက်တွေတောင် ရှိပါတယ်. (Forever 21, Cotton On, ASOS, Puma, H&M, Nike, Adidas, Victoria Secret, ULALA and others…. ) low impact မှာဆိုရင် Adidas က ပိုကောင်းတယ် high impact အတွက်ဆိုရင် ညီမနဲ့ အဆင်မပြေဘူး… အရမ်းကြပ်သလိုမျိုးဖြစ်လို့

- Medium Impact Bra
ဒါကတော့ ကြားနေပေါ့ အရမ်းအပြင်းအထန်လဲ မကစားဘူး သိပ်လဲ မပျော့ဘူးဆိုရင် ဒါမျိုးလေး ပုံမှန်လေးပဲ ဝတ်ရင် အဆင်ပြေပါတယ်.

- High Impact Bra
သူက ကျတော့ အချိန်တိုဝတ်တာလောက်ပဲ ကောင်းပါတယ် ရင်သားကို အားကစားလုပ်ချိန်မှာ တွဲမကျအောင် မနာအောင် ထိန်းပေးတဲ့ အတွက် နဲနဲ တင်းတင်းကြပ်ကြပ်ဖြစ်တတ်တယ်။ HIIT / Cardio/ ပြေးစက်ပေါ်ပြေးတာမျိုးတွေမှာ ဝတ်သင့်ပါတယ်… အချိန်အကြာကြီးဝတ်ရင်တော့ သက်သောင့်သက်သာ မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သူ့ဒီဇိုင်းတွေကတော့ ရိုးတယ် ရင်ဘက်ကို အပြည့်ဖုံးပေးတာမျိုးတွေ အသားကောင်းကောင်းထူထူနဲ့ချုပ်ထားတာလေးတွေ ဖော့ အထူနဲ့ ရင်သားပုံစံအတိုင်း ဒီဇိုင်းလေးတွေ တစ်ခါတစ်လေ ဒေါက် လေး ပါ ပါတတ်ပါသေးတယ်… Gym မှာ အလှဝတ်လို့ ရတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး.. (Lululemon, Under Armour, New Balance, Nike, Adidas, Gym Shark, etc.. ) Under Armour က တော်တော် အဆင်ပြေပါတယ် ညီမအတွက်တော့ သူက အကျီင်္မှာ ဖော့ တစ်ဆက်တည်းပါတဲ့ ဟာတောင် ပြေးတာတွေ အတွက် ထိန်းပေးအားကောင်းပါတယ်..

- Big size bra
တစ်ခုသတိထားရမှာက ရင်သားကြီးလေ ရင်သားတွေက ပိုပြီး ထိန်းပေးဖို့ လိုအပ်ပါတယ်… အဒါကြောင့် ရင်သားကြီးရင် Medium support bra or High impact bra ကိုသာ ရွေးချယ်သင့်ပါတယ်… အဒိတော့ ရင်သားအသားပေးဖော်တဲ့ အလှဘော်လီမျိုးတွေထက် ကိုယ့်ရဲ့  ရင်သားကို အသေအချာ ထိန်းသိမ်းပေးနိုင်တဲ့ bra မျိုးကို ရွေးသင့်ပါတယ်.

Sports bra ကို ညီမ အကြိုက်ပေါ်လိုက်ပြီး rating ပေးထားပါတယ်.
*Lululemon – 5 stars ( the best one)
*Under Armor/ Nike – 5 stars အပြစ်ပြောစရာ မရှိအောင် အရမ်းကောင်းတယ် အကြာကြီးလဲ ခံတယ် ရွဲမသွားဘူး
*Victoria Secret – 4 stars (low impact ပဲ ဝတ်ဘူးတယ် ဒီဇိုင်းလှတယ် ဝတ်လို့ကောင်းတယ် အသားကောင်းတယ်)
*Adidas – High Impact ကို မကြိုက်ဘူး ဆိုဒ်အမှန်တောင်မှ ကြပ်သလိုမျိုးပဲ ခေါင်းကိုက်တယ် ဝတ်ရတာ ဘောင်းဘီလဲ အလိုပဲ အဆင်မပြေဘူး ..Low Impact တော့ အဆင်ပြေတယ်
*New Balance & Forever 21 – 4 stars (တော်တော်များများအဆင်ပြေတယ် ဒီဇိုင်းလှတယ် ဈေးသက်သာတယ်၊ အကြာကြီးတော့ မခံဘူး)
H&M – 3 stars (Quality နဲ့ ပေးရတာနဲ့ တန်တယ်လို့ မခံစားရဘူး ဒီဇိုင်းလှလှလေးတွေ မရှိဘူး ဝတ်ရတာတော့ အဆင်ပြေတယ်)
*Cotton On – 3 stars (ချုပ်ရိုးချုပ်သား သိပ်မကောင်းဘူး ခဏလေးနဲ့ စုတ်သွားတယ် ဝတ်လို့တော့ အဆင်ပြေတယ်
*Puma - ဝတ်ဖူးသေးဘူး
*ULALA - 4 stars for low impact
Gym Shark/ ASOS/ Newlook တွေလဲ တော်တော် ကောင်းပါတယ် ဈေးလဲ အရမ်းမကြီးဘူး ဒါပေမယ့် ရန်ကုန်မှာ ရှာရ သိပ်မလွယ်လို့ပါ

သတိပြုရန်အချက်
နောက်တစ်ခုသတိထားရမှာက bra ရော ဘောင်းဘီအတွက်ရောပါ ကိုယ်က အရမ်းချွေးထွက်တတ်ရင် အရောင် အဖျော့တွေ မဝတ်ပါနဲ့ အထူးသဖြင့် ခဲရောင်.. ခဲရောင်က ချွေးထွက်ရင် အကွက်လိုက်ကြီးတွေ ဖြစ်ပြီး အရမ်းရုပ်ဆိုးပါတယ်.. တစ်ခါတစ်လေ ရှုးပေါက်ချထားသလားတောင် အောက်မေ့ရတယ် ချွေးစိုတာက…
နောက်တစ်ခုက အွန်လိုင်းက brand sales တွေကို ဒီအတိုင်းမဝယ်မိစေဖို့ပါ low impact များတယ် တစ်ခါတစ်လေ တစ်ဆက်တည်း အကျီင်္တွေမှာ ဖော့မပါတတ်ပါဘူး... ဘောင်းဘီတွေက ဆောင်းတွင်းဝတ် အထဲမှာ အနွေးပါတာမျိုးတွေ ဖြစ်တတ်ပါတယ်နော်..

ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း အကြိုက်ချင်းမတူတဲ့ အတွက် ညီမရေးထားတာလေးတွေက အကုန်လုံးနဲ့တော့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ် ကွဲပြားနေတာလေးတွေ မှားနေတာလေးတွေ ရှိရင်လဲ ပြောပြပေးနော်)
စာအရှည်ကြီးကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ တစ်ချို့သော အချက်လေးတွေက အွန်လိုင်းမှ ယူထားပါသည်...

With Love,
Myet Thwe
https://www.facebook.com/littlefitsters/posts/2104921959788971

No comments:
Post a Comment