Sunday, July 22, 2018

ဘာလို့ လေ့ကျင့်ခန်း လုပ်တာလဲ

ကျွန်မတို့ ပတ်ဝန်းကျင်မှာ တော်တော်များများ အားကစားတွေ လုပ်ကြတယ် ရည်ရွယ်ချက်ခြင်းတော့ မတူကြဘူးပေါ့… ဒါပေမယ့် အများစုကတော့ ပိန်ချင်လို့ … ချုံပြောရရင်တော့ လှချင်လို့ပေါ့နော်… အဒိမှာ လွဲသွားတာပဲ… သူများတွေက ပိန်လို့ ကိုယ်ပိန်ချင်တာ သူများတွေက ကိတ်လို့ ကိုယ်ပါ လိုက်ပြီး ကိတ်ချင်တာ ဆိုတဲ့ အတွေးတွေက စိတ်ဆင်းရဲစေပါတယ်။
အဒါတွေရဲ့ အဒိက အကြောင်းအရင်းတွေက တော့ ဆိုရှယ် မီဒီယာတွေကြောင့် ပါ ပါတယ် ဒီမှာက ဖေ့ဘုတ် တို့ အင်စတာဂရမ်တို့ အရမ်းအသုံးများကြတော့ ပိန်တဲ့ ကောင်မလေးတွေ လှတဲ့ ကောင်မလေး ကောင်လေး ပုံတွေ မြင်ရင် အားကျပြီး ဟယ် ငါတော့ ဝနေပြီ ငါတော့ ပုံပျက်နေပြီဆိုပြီး စိတ်တွေညစ်ပြီး ပိန်ဆေးတွေသောက် အစားတွေလျှော့စား တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အဒါမျိုးတွေက ကျန်းမာရေးအတွက်လဲ မကောင်းဘူး။ ပြီးတော့ အစားလျှော့စားတာမျိုးတွေကလဲ အချိန်ကြာကြာမလုပ်နိုင်တော့ ပိုဝစေဖို့ အားပေးသလိုမျိုး ဖြစ်တတ်ပါတယ်။
အဒါကြောင့် သူများက ပိန်လို့ ပိန်ချင်တာမျိုးထက် ကိုယ်ကိုတိုင်က ကိုယ့်ခန္ဒာကိုယ် အချိုးအစားအပေါ်မှာ စိတ်ကျေနပ်ပျော်ရွှင်နေဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ကျန်းမာချင်လို့ နေလို့ကောင်းဖို့ လှလှလေး ဖြစ်နေဖို့ လုပ်တယ်ဆိုတာမျိုး ဖြစ်ရပါမယ်။ သူများကို အားကျလို့ သူများက ဝ တယ် ပြောလို့ ဝိတ်ချတယ် ဆိုတာမျိုးက ကိုယ့်ကိုကိုယ် နှိပ်စက်နေတာမျိုးပဲ ဖြစ်နေတတ်တယ်။ တစ်ချို့တွေကတော့အဝလွန်နေလို့ အဆီပိတ်နေလို့ ဆိုပြီး ဝိတ်ချရတာက တစ်မျိုးပေါ့.. ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးနဲ့လဲ ကြည့်ကောင်းနေတာပဲ ကျန်းမာနေတာပဲ ဘာဖြစ်လို့ သူများတွေ ပိန်သလို ပိန်ချင်ရတာလဲ အဒိက က ကိုယ်ပျော်နေဖို့ စားနိုင်သောက်နိုင် ကျန်းမာနေဖို့ မဟုတ်လား
ဒီတစ်ခါ ပုံတွေကိုတော့ တူမလေး မှ ပါဝင် ကူညီထားသည် 




https://www.facebook.com/littlefitsters/posts/2104921959788971
https://www.facebook.com/littlefitsters/posts/2108420476105786😝





No comments:

Post a Comment