အိမ်မှာနေရင်း သားရေပြားသုံးပြီး တင်ပါးလေးလှအောင် ကစားကြမယ်
"(Booty Building.... Donkey Kicks by using resistance/Booty Bands)"
အခုနောက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာရယ် အလေးတုံးနဲ့ လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်တာတွေကြောင့် သားရေပြားနဲ့ လေ့ကျင့်ခန်းလုပ်တာကို အသုံးများလာတာ တွေ့ရပါတယ်။ ဒါပေမယ့် သားရေပြားကိုတော့ ဝိတ်ကျချင်တာ ဝိတ်တက်ချင်တာတွေအတွက် ကစားတာမျိုးထက် Strength Training, Muscle Toning ဖြစ်အောင် ကျစ်ကျစ်လစ်လစ်ဖြစ်ချင်လို့ သုံးတာပဲ များပါတယ် အဒိအပြင်ကို အကြောလျှော့ရာမှာလဲ သုံးကြပါသေးတယ်
သားရေပြားကို အသုံးများလာတဲ့အကြောင်းအရင်းတွေက အများကြီးပဲ အထူးသဖြင့်
- ဘယ်နေရာမှာဖြစ်ဖြစ် သုံးရလွယ်တယ် ( အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်လုပ် Gym သွားရင်ပဲ ဖြစ်ဖြစ်)
- သယ်ရလွယ်တယ်
- ဈေးလဲ သက်သာတယ် ( အလေးတွေ ဝယ်ရတာထက်/ Gym သွားရတာထက်)
- အလေးနဲ့ ကစားလို့ရသလို သူ့ချည်းသက်သက်လဲ သုံးလို့ရတယ်
- ဘယ်လို လေ့ကျင့်ခန်းပဲ ဖြစ်ဖြစ်မှာ သုံးလို့ရတယ် (ထိုင်ထလုပ်ရင်ပဲ ဖြစ်ဖြစ် ယောဂမျာပဲ ဖြစ်ဖြစ် အကြောလျှော့ရင်ပဲ ဖြစ်ဖြစ်) သုံးလို့ အရမ်းအဆင်ပြေပါတယ်
တစ်ခုသတိထားရမှာက ပစ္စည်းကောင်းတာကို ရွေးသုံးဖို့ပါ။ လေ့ကျင့်ခန်းလုပ်နေရင့် မကောင်းတာသုံးမိလို့ ပြတ်သွားရင် ထိခိုက်ဒဏ်ရာ ရမှာကို သတိထားရပါမယ်။ ပြီးတော့ တချို တင်းအား သိပ်မရှိတာတွေက ကစားနေရင်း လိပ် လိပ် တက် သွားတတ်တော့ တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။
စမ်းသုံးကြည့်ချင်ရင်တော့ အားကစားပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ရပါတယ် (အားကစား ပဒေသာ တို့ Olympic တို့ Yoga Land, Little Yoga တို့မှာ ) အတိုနဲ့ အရှည်ဆိုပြီးတော့လဲ ၂ မျိုးလာတယ် ကိုယ်ကစားမယ့် လေ့ကျင့်ခန်း အမျိုးအစားပေါ် မူတည်ပြီး သားရေပြား အတိုအရှည် အသုံးပြုပုံ ကွာသွားပါတယ်။

ကိုယ်တွေ အခုသုံးနေတဲ့ သားရေပြားလေးအကြောင်းပြောပြမယ်နော်
Erina Sizzle နီပေါသူ personal training certification လက်မှတ်လဲ ရထားပါတဲ့ အခု Powerhouse Ambassador, Erina Sizzle အယ် ရီ နာ/इरिना ကနေ ထုတ်တဲ့ SizzleFit ဆိုပြီး Bootyband လေး ရှိပါတယ်။ သူက ငါးခုပါတယ် Booty Band လို့ ဆိုတဲ့ အတိုင်း တင်အသားပေး ကစားတာမျိုး ခြေထောက်အတွက်တွေ အတွက်ပဲ အဆင်ပြေပါသေးတယ်။ ကြိုးအရှည် မဟုတ်တော့ အကြော့လျှော့တာတို့ လက်မောင်းအတွက် ကစားတာတွေတော့ မရသေးဘူးပေါ့။ နောက်ပိုင်းတော့ ထုတ်မယ်ထင်တယ်။ တင်းအားလဲ မတူတော့ ကိုယ်နဲ့ အဆင်ပြေတဲ့ Level ကို ရွေးပြီး သုံးလို့ရတာ တော်တော် အဆင်ပြေတယ်။
အရင်ဆို အွန်လိုင်းကနေ သူများဆီကနေ မှာရတာ။ အခု အယ်ရီနားဆီမှာ ရနေပြီဆိုတော့ အဆင်ပြေသွားတာပေါ့ ဒါပေမယ့် User Guide လေးပါ ပါရင် ပိုအဆင်ပြေမယ်ထင်တယ်။ Packaging ကို သေသေချာချာလေးလုပ်ပြီး Complete Range Paper Guide လေးပါရင် တော်တော်လေးကို အဆင်ပြေမှာပါ အခုလဲ အဆင်ပြေပါတယ် စာရွက်နဲ့ ပုံလေးမှာ ရှင်းပြထားတာမျိုးကိုတော့ လိုချင်မိတယ်
အခု လာမယ်August 4 ရက်နေ့ POWER HOUSE FITNESS CLUB Myanmar Plaza မှာ event လေးလုပ်ပြီး ဒီသရေပြားတွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို အယ်ရီးနား ကိုယ်တိုင် ပြပေးပါမယ်တဲ့ ။ စိတ်ဝင်စားသူတွေ သွားလို့ရတယ်နော်
အခုလုပ်ပြထားတာတွေက Donkey Kicks ပါ.. သားရေပြားပါ ပါ မပါ ပါ လုပ်လို့ရပါတယ် သားရေပြားပါရင်တော့ ပိုထိရောက်ပါတယ် တင်ပါးဘေးချိုင့်တာတွေအတွက်လဲ ကစားပေးလို့ရတယ် ကိုယ်ကိုတိုင်လဲ အရမ်းကြီး မသုံးတတ်ပါဘူး တတ်သလောက်မှတ်သလောက်လေး ပြထားတယ်နော် မှားနေရင်လဲ ပြောနော် တစ်ခြားနည်းလမ်းလေးတွေလဲ ရှယ်ပေးကြနော်
စာအရှည်ကြီးဖတ်ပေးတာ ကျေးဇူးပါရှင်
Thanks for the photo sis Nang Seng Hom
With Love, MyetThwe
With Love, MyetThwe
https://www.facebook.com/littlefitsters/posts/2147555532192280

No comments:
Post a Comment